လတ်တလော ဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ကူးစက်မှုမြန်ဆန်သည့်အတွက် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါတယ်။
၁။ အစာမစားမီနှင့် အိမ်သာမှ ထွက်သည့်အခါတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောရန်
၂။ အစားအစာ ပြင်ဆင်ချက်ပြုတ်ရောင်းချရာတွင် ကျန်းမာရေးနှင့် ညီညွှတ်စွာ ရောင်းချရန်
၃။ သောက်ရေများကို ကျိုချက်ပြီးမှ သောက်သုံးရန်
၄။ မိမိပတ်ဝန်းကျင်တွင် လူနာများရှိပါက သုံးရေများကို ကလိုရင်းဆေးရည်ခတ်ပြီးမှ အသုံးပြုရန်
၅။ ယင်ပေါက်ဖွားမှု လျော့ပါးစေရန် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်
၆။ ယင်လုံအိမ်သာများအသုံးပြုရန်
၇။ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြီး ကုသမှု ခံယူရန်
၈။ မိမိအိမ်ပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို တနိုင်တပိုင်ဆောင်ရွက်ရန်