မြန်မာမီဒီယာများအတွက် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ
==========================
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် Rosatom မှ ပူးပေါင်းကျင်းပသည့် မြန်မာမီဒီယာများအတွက် နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ အခမ်းအနားကို မေ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲအခမ်းအနားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ မီဒီယာအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်